Saturday, May 18, 2013

အားလုံးကြိုက်တဲ့ ချော်ဖီ

အားလုံးကြိုက်တဲ့ ချော်ဖီ

အိမ်နီးနားခြင်းနိုင်ငံ က သူတို့ အသံတွက်နဲ့ ရှော့ပင်းမောကို ချောဖီးမော လို့ အသံတွက်ကြပါတယ်။ လိုးတပ် စကားထပ်မပီ တဲ့ ပါကစ်ကုလဇုပ်တွေ က လိုးသတ်( တမျိုးမထင်ပါနဲ့ ) lotus shopping mall ကို ဒေသခံတွေက လိုသ ချောဖီးမောလို ခေါ်တာနဲ့ ကျနော်က သူတို့ အသံနဲ့ ချော်ဖီ လို ခေါင်းစဉ်တပ်လိုက်တာပါ။
ကျနော့် သဘောက တော့ ချော်ဖီလို့ ကောင်းတဲ့ ချောဖီးမော သို့တည်းမဟုတ် အအေးခန်းကုန်စုံဆိုင်ပေါ့ဗျာ။
ကဲကဲ အားလုံးကြိုက်တဲ့ ချော်ဖီ လေး စလိုက်ရအောင်။

အိမ်ကလူကြီးမိဘတွေက သားလေးဆန်နီဘွိုင်းရေ လမ်းထိပ်က မီးသွေး အစိပ်ဖိုးဝယ်ချေ အုံး ဒီမှာဂက်စ် ကုန်နေပြီ။ ဟင်းအိုးကတန်းလန်းကြီး။
သမီးလေး ဘေဘီစမိုင်း ရှမ်းဈေးက ဆင်ငရုပ်သီးပွ သွားဝယ်အုံး ဆိုရင် ဆန်နီဘွိုင်းတို့ ဘေ ဘီစမိုင်းတို့ဟာ မငြင်းသာ မှုန်ကုပ်ကုပ် ရုပ်တွေနဲ့ ဝယ်ပေးရတယ် မလား။ ငြင်းလိုက်ရင် ဆုတော်လဘ်တော်တွေနဲ့ လွဲအုံးမယ်။
သူငယ်ချင်း ချစ်သူနဲ့ ကျတော့ အအေးခန်းကုန်ဇုံဆိုင်တွေ မ မောတမ်းသွားမယ်။ စက်လှေကားကြီးစီးမယ် ချစ်သူ့ ခါးလေးကိုနောက်ကဖက်မယ်။(ဟဲဟဲ sexလှေဂါး) ။ ပြည်တွင်း အအေးခန်းကုံဇုံဆိုင်တွေ ဝင်းဒိုးချော်ဖီပြီးရင် ပြည်ပမှာ ချော်ဖီမယ်.......................
.................................................
………………………………………………………………………………………………………………………………………………..
ကျနော် ခရွန်ထပ် ကိုရောက်ပြီးနောက် မြို့တွင်းကိုလည့်လည်ပြီး မြို့စွန် အေဘက်က ဆရာကိုနုတ်ဆက်မည်။ ငပိပေါသည် မ ဟီဒေါမှ မြန်မာ မ ပျိုပျို အိုအို အကုန်သွားငမ်းမည်။
အဂျန်နဝလတ်တော့ ကြိမ်းသေရှိမည်။ ပြီးလျင် ချောဖီးမော များကို သွားမည်။
ချောဖီးမောများ တခုပြီးတခုရောက်သည်
တကယ့်မြို့လားမြောက်တဲ့မြို့။
နေရာ တခုကိုရောက်ပြီ ခေါက်စံလော။ အလိုလေး အဖြူကောင် အမဲကောင် ဒေသခံတွေနဲ့ ချစ်စဖွယ် အရှေ့တိုင်းသူတွေ ။လူကြီး ကလေး အစုံ။
ချစ်စဖွယ် မိုးဟေကိုလို ဘော်ဒီနဲ့ မိန်းမချောလေး ၃ ယောက် ။ အရှေ့တိုင်းသူတွေဆိုတော့လည်း ငမ်းမီတာပေါ့ ။ သူတို့ နောက်လိုက်ကြည့်ရင်း ဆိုင်တခုကို ရောက်သွားတယ် ။ အငမ်းလွန်သွားလို့ နီယွန်ဆိုင်းဘုတ်ကို သေချာမဖတ်လိုက်ရပါ။
ဆိုင်ကိုဝင်လိုက်ထဲက ထူးခြားသလိုထင်ရသည်။ လူကြီးနှင့် ကလေးများ မတွေ့ရပါ။
လည်သာဝတ် စုံတွဲ အနည်းငယ်သာတွေ့ရပါသည်။
ကဲ ရောက်မှ တော့ ကြည့်မယ်ကွာဆို လည့်ပတ်ကြည့်လိုက်ချိန် မှာ အလိုလေး
လူသတ်လက်နက်တွေလား ကြာပွတ်တွေ ဒုတ်တွေ လက်ထိပ်တွေ လူပကတိအတိုင်း လေထိုးဘိုမ ဆီလီကွန်ဘိုမတွေ ဆံပင်ဆုတ်ဖွားနဲ့
မှန်ကောင်တာ တခုကိုလည်းကြည့်မီ ရော ဟာ ဟာ သွေးကြောတွေတောင် ထောင် နေတာမြင်ရတယ်။ မိန်းမချော မြင်ရင်တော့ ဒုက္ခ ။ သူတို့ ထဲက ခပ်သွက်တယောက် က မြင်လိုက်တယ်ထင်ပါရဲ့ မေးဆပ်ပြလိုက်တာမြင်လိုက်တယ်။ သူတို့ထဲက နုပ်ခမ်းနီ ရဲရဲ နဲ့ ကောင်မလေး က ဟယ် အားရှိချင်စရာကြီးတဲ့ ။ သေချာပြီ သူတို့ ရွာက မြို့တက်ပြီး ချော်ဖီတာကိုး။ဆိုင်ထဲက တွက်ပြီး သူတို့ တသိုက်လမ်းဘေးမှာ ကျစ်ဆံမြီးချည်ကျန်ခဲ့တယ်။
ပြည်တော်ပြန် လေယဉ်ကွင်း ရောက်တော့ ထုံးစံ အတိုင်း အင်မီကရေးရှင်း နဲ့ စတန်မမ တွေကို လူကို အင်မီဂရေးရှင်းယူပါ ပစ္စည်းကို ကာစတန်မမတွေယူဘာ ပြောပြီး နောက်လည့်လိုက်
တော့ ဟို၃ ယောက် ။
ဟို၃ ယောက်က ဂျူတီဖရီးအိပ်နဲ့ ရေမွှေးပုလင်းတွေ အများကြီးကိုင်လို့ ။
ဘာပါလဲလို့ မေးသံကြားတွေ့ ကျနော် တိုးတိုးလေးကူုဖြေပေးလိုက်တော့ ကျနော့် ကို သေချင်းဇိုးတဲ့။
ကျနော် ကူဖြေပေးတာကနုပ်ခမ်းနီမလေးရဲ့ အာမေဒိတ်အသံအတိုင်း အားရှိချင်စရာကြီးပါလို့။
ဟဲ ဟဲ ။ အဟီ။

Saturday, March 29, 2008

ဖြစ်ရမယ်

အလှနတ်သမီးလေးရေ..

အိပ်မက်ထဲကိုလာလည်သွားပါတယ်နော်။
ဂျီတော့ထဲမှာ ပြောသလို အနမ်းပေါင်းတစ်ထောင်မပေးဖြစ်ခဲ့ပါဘူး။
အပြစ်ကင်းစင် တဲ့ မျက်နှာနဲ့ အိပ်ပျော်နေတဲ့ အလှနတ်သမီးလေး မျက်နှာကိုဘဲ ငေးကြည့်ခဲ့ပါတယ်ခင်ဗျာ။
ချစ်လွန်း အားကြီးလို့ မနမ်းရက်တာပါ ။ နောက်ပြီး ခွင့်ပြုချက်လည်း မရသေးလို့ပါခင်ဗျာ…
တရေးနှိးလို့များ ရေဆာခဲ့ရင် အဆင်သင့်သောက်နှိင်အောင် ..အိပ်ရာဘေးမှာ အရက်ပုလင်း ..မှားသွားလို့
ရေတပုလင်း ထားသွားတယ်နော် ..ရေတွေအများကြီးသောက်ပြီး ရှု ရှုးတွေပေါက်မချနဲ့နော်…..
မေမေဆူလိမ့်မယ်။
မန္တလေးရာသီဥတုကပူတယ် ..ရေခဲရေအေးအေးတွေသိပ်မသောက်နဲ့နော် ..လည်ချောင်းတွေနာပြီး
ချောင်းတွေဆိုးနေမယ်။ ချောင်းတွေဆိုးလွန်းအားကြီးလို့ မြစ်ထဲရောက်သွားအုန်းမယ် ….ဟာ မှားပြန်ဘီ၊
မျက်လုံးကြီးပြူးသွားအုန်းမယ် ..မျက်ပြူးဆိုရင် မလှဘူးနော်… ပြုံးလိုက်ရင်လေ မျက်လုံးလေးတွေမှေးပြီး အစ်သွားတာ သိပ်လှတာဘဲ. မယုံရင် မှန်ရှေ့မှာ ပြူးကြည့်… ဟာ ဒုက္ခဘဲ ထပ်မှားပြန်ပြီ… ပြုံးကြည့် အမှန်ကန်လှတာတွေလိမ့်မယ်…(အဲဒါကိုယ်တိုင် သတိမထားမိတဲ့ အလှဘဲ)..တကြိမ်ပြုံးတာ နဲ့မလုံလောက်ရင်
အကြိမ်တစ်ထောင်ပြုံးလိုက်နော်။

***ကိုငယ်

Friday, February 29, 2008

ဖြစ်ရလေ

ဖြစ်ရလေ

မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလည်းဟင်
ခေါင်းမှာရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ်ရှင်။

ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလားဟင်
မောင်ကြီး သဘောအတိုင်းပင်
လိုက်ချင် လိုက်ပေါ့ရှင်။

မောင်ကြီး မေတ္တာပန်းကိုဆင်
လက်ထပ်မလားဟင်
မောင်ကြီး သဘောအတိုင်းပင်
နာယူပါမယ်ရှင်။ (မင်းသုဝဏ်)

Thursday, January 24, 2008

ရေးချင်ပါသေးတယ် ...

ရေးချင်ပါသေးတယ် ...
이제 컴퓨터 없이도 무료 전화를 할 수 있습니다. my phone를 사용하십시오. 일반 전화기처럼 전화하고, 텍스트를 보내고, 사진을 촬영할 수 있는 멋진 휴대 전화입니다. 하지만 버튼 하나로 konge에서 친구에게 전화를 걸고 메시지를 보낼 수 있습니다.
이제 주머니에서 휴대 전화를 꺼내기만 하면 무료 전화를 손쉽게 하실 수 있습니다.

Tuesday, December 18, 2007

သူ့ ကိုတွေ့ ရင်ပြောပေးပါ ဖုန်းဖွင့်ပါအုံး

(ကျွန်တော့် Desktop ကွန်ပြူတာမှာ Girlfriend 1.0 Program ကိုသုံးပြီး ။ခရီးသွားရင်laptop computer မှာMistress1.0 Program သုံးတဲ့အတွက် ဘာပြဿနာ ကြီးကြီးမားမား မ တွေ့  ရ ပါဘူး၊ တခါတရံ ဖုန်းပိတ်ထား လို့  ဖုန်းမပြောရတာလောက်ဘဲရှိပါတယ်…..
ကျွန်တော့် သူငယ်ချင်း သူရဇော် ကတော့ Wife 1.0 Program ကို ပျော်ပျော်ကြီး သုံးပြီး ၊
ခိုင်မာဖြူဖွေးနေတဲ့ သူ့ သွားတွေကိုမမြင် မြင်အောင်ပြုံးပြနေလေရဲ့ ။ သူ့ သွားတွေက ခိုင်မာဖြူဖွေး ပြီးလှမှာပေါ့ သူက သွားဆရာဝန်ကိုး .....!@#$%^&*(*)*)*&_+++)

၁၉၉၉ အောက်တိုဘာလ၊ ကွန်ပြူတာဂျာနယ် မှာ ..သန်းဝင်း(မြို့ ပြ-တပ်ကုန်း) ရေးထားတဲ့
ကွန်ပြူတာဟာသလေးပါ ၊ ဖတ်ကြည့်ပါ ။

ဆရာခင်ဗျား..
ကျွန်တော့် ရဲ့ ကွန်ပြူတာ Program ပြဿနာတွေနဲ့ ပတ်သက်လို့  ဆရာ့ထံ သို့ တင်ပြ အကြံ ဉာဏ်တောင်းလိုပါတယ်။
ကျွန်တော့်မှာ Girlfriend 1.0 ဆိုတဲ့ ရှိခဲ့ပါတယ်၊ မနှစ်က အဲဒီ Girlfriend 1.0 ဆိုတဲ့
Program ကို Wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ်။ ဒီမှာတင်မမျှော်လင့်ဘဲ Child processing ဖြစ်ခဲ့ပြီး Space တော်တော်များနဲ့  အခြား Valuable Resources တွေကိုယူ သုံးသွားခဲ့ပါတယ်။ အဲဒီ လို ရှုတ်တွေးမှုတွေ ဖြစ်နိုင်တယ် ဆိုတာသူရဲ့  Product Brochure မှာရော Read me Document မှာပါ ထည့်သွင်းဖော်ပြ ထားခြင်း မတွေ့ ခဲ့ရပါဘူး၊၊ အဲဒီ အပြင်
Wife 1.0 က အခြား Program လေးတွေကို အလိုအလျှောက် ထပ်မံရေးဆွဲတပ်ဆင်ပြီး နဂိုမူလ system ထဲရှိပြီးသား Activities တွေကိုထိန်းကွပ်တော့တာပါဘဲ၊၊ ဥပမာ အားဖြင့် Kara OK night 10.3 နဲ့  Beer Bash 2.5 ကဲ့သို့ သော Program တွေဟာ လုံးဝ အလုပ်တော့ဘဲ ရပ်ဆိုင်းသွားပါတော့တယ်၊၊ Wife 1.0 ရဲ့  စွမ်းဆောင်ချက်တွေပါဘဲ၊၊
Wife 1.0 ကို system ထဲကနေ ကြိုးစားပြီး Delete လုပ်ကြည့်ပေမဲ့ မရတော့ပါဘူး၊
ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင်ကောင်းမလားဆိုပြီး Uninstall လုပ်ကြည့်ပါတယ်၊ ဒါပေမဲ့ Uninstall ကလည်း လုံးဝအလုပ်မလုပ်ပါဘူး။ ဒါကြောင့် ဒီပြ ဿနာ ကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ ဆရာဖြေကြားပေးပါ ခင်ဗျား၊၊
လေးစားစွာဖြင့်
JP


Mr.JP ခင်ဗျား..

လူကြီးမင်းကြုံတွေ့ နေရသောပြသနာသည် အလွန်ယေဘူယျကျပြီး လူတော်တော်များများ၏ မကျေမနပ် ပြောဆိုသံများနှင့်ထပ်တူဖြစ်သည်။ လူအများစုက Wife 1.0 သည် Utilities & Entertainment program တစ်ခုလိုထင်ကြပြီး Girlfriend 1.0 မှ Wife 1.0 သို့  Upgrade လုပ်ကြတာပါဘဲ၊၊
အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment program မဟုတ်ဘဲ Operating System တစ်ခုဖြစ်ပါတယ်။Wife 1.0 ကိုဖန်တီးသူက အရာ တော်တော်များများ လုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာပုံစံပြု ထုတ်လုပ်ခဲ့တာပါ။ အဲဒီ Program ကို system ထဲမှာ install လုပ်ပြီးတာနဲ့  uninstall Delete(သို့ ) Purge လုပ်လို့ မရပါဘူး ။ Girlfriend 1.0 ကိုလည်းပြန် သွားလို့ မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူ့ ကို Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကိုပြန်သွားလို့ မရအောင် စီမံထားလို့ ပါဘဲ။
တချို့  ကတော့ Girlfriend 2.0 တို့  Wife 2.0 ဆိုတာတွေ ကို ကြိုးစားပြီး System ထဲ မှာ install လုပ်ကြပါတယ်။ ဒါပေမဲ့ အောင်မြင်မှု မရဘဲ မူလထက် ရှုတ်ထွေး မှုများနဲ့  အဆုံး သတ်ကြတာတွေ့ ရပါတယ်။ ကျွန်တော် အကြံပြု ချင်တာကတော့ Wife 1.0 ကိုဘဲ ဆက်လက် ထိမ်းသိမ်းပြီး သုံးစွဲပါ။ ဖြစ်လာတဲ့ အခြေနေ အရပ်ရပ်ကို သတိ၊ ဥာဏ်ပညာ နဲ့  ယှဉ်ပြီး ရင် ဆိုင်ပါ။ ကျွန်တော် ကိုယ်တိုင် Wife 1.0 ကို install လုပ်ထားသူတစ်ယောက် အနေ နဲ့  အကြံပြုချင် နောက်တခုကတော့ Wife 1.0 တစ်ခုလုံးနဲ့  သူ့ ရဲ General Protection Faults(GFPs) တွေကို သေချာလေ့လာပါ။ ဖတ်ကြည့်ပါ။ ဖြစ်လာနိုင်တဲ့ ပြဿနာ နဲ့  အမှားတွေ အတွက် မိမိ ပေါ် ကျရောက်လာမဲ့ သက်ရောက်မှုတွေကို ကြိုတင်ပြီး ခန့် မှန်း ထားကြည့်ပါ။
အကယ်၍ အဲဒီ Program ဟာ ဘာမှ ဆက်လုပ်လို့ မရလောက် အောင် ကြုံတွေ့  နေရပြီ ဆိုရင် တော့ Apologies ဆိုတဲ့ ခလုတ်ကို အရင်နှိပ်ပါ။ ပြီးရင် Reset ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။ အားလုံး အဆင်ပြေ သွားပါလိမ့်မယ်။ GFPs တွေ အားလုံး ရဲ့  ပြစ်ချက်တွေ ဟာ မိမိကြောင့်ပါ လို့  တာဝန်ယူထားသမျှ System ကြီးတစ်ခုလုံးဟာ ချောမွေ့ စွာနဲ့ အလုပ်လုပ်နေပါလိမ့် မယ်။
တကယ်တော့ Wife 1.0 ဆိုတဲ့ ဟာ အင်မတန် ကောင်းမွန်တဲ့ Program ကြီးပါ။ ဒါပေမဲ့ အင်မတန် အဆင့်မြင့်မားတဲ့ ပြုပြင်ထိမ်းမှု လိုအပ်တာတော့အမှန်ပါ။

ပညာရပ်ဆိုင်ရာပံပိုးသူ
စာကျြွှင်း ……
ပြည်တွင်းရော ပြည်ပမှာပါ ရှိနေတဲ့ တရားမ၀င်သော Program များ ဥပမာ အားဖြင့် Mistress 1.0 ဆိုတာမျိုး ကို ကြိုးစားပြီး install မလုပ်ဖြစ်ပါစေနဲ့ ။အကယ်၍ Wife 1.0 က အဲဒီလို Program မျိုး ကိုတွေ့ ထိမိခဲ့ရင် ကြိုတင် မှန်းဆ၍ မရနိုင်သော လုံးဝပြန်လည်၍ ကောင်း မွန်မလာ နိုင်သော ပျက်စီးမှုမျိုး နဲ့ သေချာပေါက် ကြုံတွေရ နိုင်ပါတယ်။အဲဒီလိုဖြစ်ခဲ့ရင် ပြင်ဆင်ခနဲ့ အချိန် ကာလဆုံးရှုံးမှုတွေဟာ အလွန်မြင့်မားသွားတော့မှာပါ။

Sunday, September 02, 2007

Perceptions

အမြင် Perceptions သည်စိတ်ကိုထိန်းကျောင်း၏။
အမြင်တရားဟာ ကျွန်တော်တို့ရဲ့စိတ်နေ သဘောထားတွေ၊ အတွေးတွေကို ပုံလောင်းပေးတတ်ပါတယ်။
ကျွန်တော်တို့ရဲ့အပြုအမှုတွေကို ထိန်ကျောင်းဖြစ်ပေါ်စေပါတယ်။(စက္ခုအမြင်ကိုပြောတာမဟုတ်ပါဘူး၊စိတ်အမြင်Perceptionsကိုပြောတာပါ၊ အရာရာကိုအဓိပ္ပာယ် ဖွင့်ဆိုတဲ့အမြင်၊သဘောပေါက်တဲ့အမြင်ပါ။)

တစ်ခါတုံးကပါ----
အမှန်တော့ဒီလိုဥပမာမျိုး ကျွန်တော်တို့နေစဉ်နဲ့အမျှ ကြုံတွေ နိုင်ပါတယ်။
တစ်ခါက ကျွန်တော်နဲ့မီယစံ မြေအောက်ဘူတာမှာရထားစောင့် နေတုံး လူတစ်ယောက်နဲ့ ကလေးတစ်သိုက်ရောက်လာပါတယ်။
အဲဒီလူက ကျွန်တော်နဲ့မီယစံ ဘေးမှာ လာထိုင်ပြီး ငိုင်နေတယ်၊ ကလေးတွေက တော့ ဆူညံဆူညံ ရန်ဖြစ်ကြ ၊ဆဲကြဆိုကြနဲ့ အရမ်းစိတ်ညစ်စရာကောင်းပါတယ်။
ဒီထဲမှာ စပိုက်တာမင်း လိုဝတ်ထားတဲ့ ကလေးက အဆိုးဆုံးဘဲ။
သတင်းစာဖတ်နေတဲ့ ကျွန်တော်စီက သတင်းစာလုယူတဲ့အထိ ကဲတက်လာတယ်။
မီယစံပေါ်ကို သောက်လက်စ ကော်ဖီတွေ ဖိတ်ဆင်ကုန်တယ်။
"ခင်ဗျား ကလေးကို နည်းနည်းကြည့်ထိမ်းပါဦးဗျ"လို ပြောတော့ သတိလစ်ရာကနေပြန်သတိရလာသလိုမျိုးနဲ့ ..ဟုတ်ကဲ့ဗျာ၊တောင်းပန်ပါတယ်။ ကျွန်တော်တို့ အခုဘဲ ဆေးရုံကပြန်လာတာပါ ၊သူတို့အမေခုလေးတင်ပဲဆေးရုံမှာ ဆုံးသွားတယ်။ကျွန်တော်လည်းစိတ်ရှုပ် ပြီး ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်၊ ကလေးတွေလည်းစိတ်ရှုပ်နေကြတယ်..
ဒီစကားကြားရတော့ကျွန်တော်စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားတယ်။

ကလေးတွေ အမေ အခုဘဲဆုံးသွားတယ်ဆိုပါလား။
ခုနက ကလေးတွေအပေါ် စိတ်ဆိုးဒေါသဖြစ်တာ ချက်ချင်းပျောက်သွားတယ်။
လူကြီးအပေါ်ရော ကလေးတွေအပေါ်ပါ ကိုယ်ချင်းစာစိတ်ဝင်စားလာပြီး သနားသွားတယ်။
ခုနကစိတ်အနှောက်အယှက်ဖြစ်တာတွေပျောက်သွားတယ်။
အမြင်ပြောင်းသွားတယ်။ကိုယ့်ကိုကိုယ် လိပ်ပြာမလုံဖြစ်မီတယ်။
ကျွန်တော်ဆင်းမဲ့ ဘူတာမ ရောက်ခင် တစ်ဘူတာကြိုပြီးဆင်းလိုက်တယ်၊ အဆင်းမှာ ဟိုလူကြီး ရဲ့ ခပ်ယဲ့ယဲ့အပြုံးကို မြင်လိုက်သေးတယ်။
နောက်ကနေ ပြေးလိုက်လာ တဲ့ မီယစံ ရဲ့ ဒေါက်ဖိနပ်သံဟာကျွန်တော့်
နှလုံးခုံသံကို စီးဝါးလိုက်ပေးနေသလိုပါဘဲ...
ကျွန်တော် နဲ့ မီယ တော်တော်ကြာအောင်စကားမပြောဖြစ်ဘဲ အတွေးကိုယ်စီနဲ့ ဝေးအောက်အတိုင်းလမ်လျှောက်ထွက်လာကြတယ်။
မြန်မာပြည်က မိဘနှစ်ပါးကိုသတိရလိုက်တယ်။ အခြေအနေရ မိဘနဲ့ ခွဲနေရပေ မဲ့ ငါ့မှာ အဖေ၊အမေ ဆိုတာရှိတယ် ။
ဟိုကလေးတွေမှာ လောလော လတ်လတ်ကြီး ခေါ်စရာ အမေ မရှိတော့ပါလားပေါ့။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ မီယစံ လည်း သူ့မိဘတွေကိုသတိရမိပါတယ်တဲ့။
ပြီးတော့ မီယက ပြုံးပြီးတော့ဆက်ပြောလိုက်သေးတယ်....
"အခြေအနေအမှန်ကို သိရလို့ အမြင်မှန်ကိုပြောင်းနိုင်ပေမဲ့ အခြေအနေအမှန်ကို မသိတဲ့အခါမျိုးမှာ ဘယ်လိုပြောင်းမိမှာလဲ။ ကိုယ့်အမြင်ကိုယ့်အစွဲနဲ့ သူ့အမြင်သူ့အစွဲ ပဋိပက္ခဖြစ်ရုံဘဲတဲ..."

အဲဒီနေ့ကဘဲ အလှပတစ်ခုကို ရှာတွေ့ခဲ့တယ်။

သေချာတာကတော့
ကော်ဖီပေနေတဲ့ အဖြူရောင်ရှပ် နဲ့ မီယဟာ ခါတိုင်းထက်ပိုလှနေတယ်ဆိုတာကို သတိထား လိုက်မိတာပါဘဲ။

(မန္တလေးပြန်ရောက်ပြီး လမ်းထိပ်ကဆိုက်ကားဆရာကြီးနဲ့ကလေးတသိုက်ကျောင်းကြို၊ကျောင်းပို့ မြင်လိုက်တော့ ..ကျွန်တော်ရင်ထဲ ကျည်ဆန်ရထားကြီးခုတ်မောင်းသွားပြီး မီယ ရဲ့ အပြုံးချိုချိုလေးကို ရိုးသားစွာ သတိရလိုက်ပါတယ်။)

Friday, August 31, 2007

Synergy

တစ်ခါတုံးက မဟာစီးပွားစီမံခန့်ခွဲ နောက်ဆုံးနှစ် ကျောင်းသားတစ်စုက ခေါင်းဆောင်မှုအတွေးအခေါ်နဲ့ပတ်သက်ပြီး သင်ကြားခဲ့စဉ်ကပါ။ကျောင်းသားတစ်ယောက် ဟာSynergy နဲ့ပတ်သက်ပြီးသူ့ရဲ့အတွေ့အကြုံတစ်ခုကိုပြန်ပြောပြနေပါတယ်။
သူပြောပြပုံကတော့ အိတ်သွန်ဖာမှောက် အသဲလှိုက် အူလှိုက် ဘာဂုဏ် သိက္ခာမှထိန်းသိမ်းငဲ့ ကွက်ခြင်းမရှိဘဲ အရှက်အရွံ့မရှိဘဲ၊ ရိုးရိုးသားသား ပွင့်လင်းစွာ ပြောပြနေတာမျိုးပါ။
သူရဲ့စိတ်အားထက်သန်မှုဟာ နားထောင်နေသူတွေကို ဓာတ်ကူးပြီး တစ်ယောက်ပြီး တစ်ယောက် သူတို့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။
အဲဒီတုံးကMBAကျောင်းသားတွေကြားမှာ ထူးခြားတဲ့ စွမ်းအားကြီးတစ်ခု ဖြစ်ပေါ်နေသလိုပါဘဲ။
MBAကျောင်းသားတွေဟာ သင်ရိုးညွှန်းတမ်းတွေ ဘေးချိတ်ပြီး နောက်ရက်တော်တော်ကြာ ဒီပွင့်လင်းစွာ ဆွေးနွေးမှု အရှိန်အဟုန်မပြတ် ပြုလုပ်ခဲ့ ကြပါတယ်။
နောက်ပိုင်းမှာ စာတမ်းတစ်ခုတောင်တင်နိုင်ခဲ့ပါတယ်။
ပါဝင်လုပ်ကိုင်ကြခဲ့တဲ့MBAကျောင်းသားတွေဟာ ဘယ်တုံးကမှ မစိုက်ထုတ်ခဲ့ဘူး တဲ့ ၀ီရိယ၊ ဇွဲနဲ့ လုပ်ကိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ ဟာ အဲဒီတုန်းက ဖြစ်ပေါ်ခဲ့တဲ့
Synergyအကြောင်းနှစ်ပေါင်းအတော်ကြာမှပြန်တွေ့ကြတဲ့အခါမှာ အမှတ်တရပြန်ပြောကြတုံးပါပဲ^^^^

"Synergyရဲ့အဓိကအနှစ်သာရဟာ
ကွဲပြားခြားနားမှုDifferences ကို
အလေးနက်ပြုခြင်း၊
လေးစားသမှုပြုခြင်း၊
တန်ဖိုးထားတတ်ခြင်းပဲဖြစ်ပါတယ်။
ကွဲပြားခြားနားမှုအပေါ် စွမ်းအားတည်ဆောက်ခြင်းပဲဖြစ်ပါတယ်"