Friday, February 29, 2008

ဖြစ်ရလေ

ဖြစ်ရလေ

မောင်ကြီးနှမ ခိုင်သဇင်
ဘယ်ဆီများလည်းဟင်
ခေါင်းမှာရွက်လို့ ရေအိုးတင်
ရေခပ်သွားမယ်ရှင်။

ရေအိုးထမ်းလို့ လိုက်ခဲ့ချင်
လိုက်ရမလားဟင်
မောင်ကြီး သဘောအတိုင်းပင်
လိုက်ချင် လိုက်ပေါ့ရှင်။

မောင်ကြီး မေတ္တာပန်းကိုဆင်
လက်ထပ်မလားဟင်
မောင်ကြီး သဘောအတိုင်းပင်
နာယူပါမယ်ရှင်။ (မင်းသုဝဏ်)