Saturday, March 29, 2008

ဖြစ်ရမယ်

အလှနတ်သမီးလေးရေ..

အိပ်မက်ထဲကိုလာလည်သွားပါတယ်နော်။
ဂျီတော့ထဲမှာ ပြောသလို အနမ်းပေါင်းတစ်ထောင်မပေးဖြစ်ခဲ့ပါဘူး။
အပြစ်ကင်းစင် တဲ့ မျက်နှာနဲ့ အိပ်ပျော်နေတဲ့ အလှနတ်သမီးလေး မျက်နှာကိုဘဲ ငေးကြည့်ခဲ့ပါတယ်ခင်ဗျာ။
ချစ်လွန်း အားကြီးလို့ မနမ်းရက်တာပါ ။ နောက်ပြီး ခွင့်ပြုချက်လည်း မရသေးလို့ပါခင်ဗျာ…
တရေးနှိးလို့များ ရေဆာခဲ့ရင် အဆင်သင့်သောက်နှိင်အောင် ..အိပ်ရာဘေးမှာ အရက်ပုလင်း ..မှားသွားလို့
ရေတပုလင်း ထားသွားတယ်နော် ..ရေတွေအများကြီးသောက်ပြီး ရှု ရှုးတွေပေါက်မချနဲ့နော်…..
မေမေဆူလိမ့်မယ်။
မန္တလေးရာသီဥတုကပူတယ် ..ရေခဲရေအေးအေးတွေသိပ်မသောက်နဲ့နော် ..လည်ချောင်းတွေနာပြီး
ချောင်းတွေဆိုးနေမယ်။ ချောင်းတွေဆိုးလွန်းအားကြီးလို့ မြစ်ထဲရောက်သွားအုန်းမယ် ….ဟာ မှားပြန်ဘီ၊
မျက်လုံးကြီးပြူးသွားအုန်းမယ် ..မျက်ပြူးဆိုရင် မလှဘူးနော်… ပြုံးလိုက်ရင်လေ မျက်လုံးလေးတွေမှေးပြီး အစ်သွားတာ သိပ်လှတာဘဲ. မယုံရင် မှန်ရှေ့မှာ ပြူးကြည့်… ဟာ ဒုက္ခဘဲ ထပ်မှားပြန်ပြီ… ပြုံးကြည့် အမှန်ကန်လှတာတွေလိမ့်မယ်…(အဲဒါကိုယ်တိုင် သတိမထားမိတဲ့ အလှဘဲ)..တကြိမ်ပြုံးတာ နဲ့မလုံလောက်ရင်
အကြိမ်တစ်ထောင်ပြုံးလိုက်နော်။

***ကိုငယ်