Sunday, September 02, 2007

Perceptions

အမြင် Perceptions သည်စိတ်ကိုထိန်းကျောင်း၏။
အမြင်တရားဟာ ကျွန်တော်တို့ရဲ့စိတ်နေ သဘောထားတွေ၊ အတွေးတွေကို ပုံလောင်းပေးတတ်ပါတယ်။
ကျွန်တော်တို့ရဲ့အပြုအမှုတွေကို ထိန်ကျောင်းဖြစ်ပေါ်စေပါတယ်။(စက္ခုအမြင်ကိုပြောတာမဟုတ်ပါဘူး၊စိတ်အမြင်Perceptionsကိုပြောတာပါ၊ အရာရာကိုအဓိပ္ပာယ် ဖွင့်ဆိုတဲ့အမြင်၊သဘောပေါက်တဲ့အမြင်ပါ။)

တစ်ခါတုံးကပါ----
အမှန်တော့ဒီလိုဥပမာမျိုး ကျွန်တော်တို့နေစဉ်နဲ့အမျှ ကြုံတွေ နိုင်ပါတယ်။
တစ်ခါက ကျွန်တော်နဲ့မီယစံ မြေအောက်ဘူတာမှာရထားစောင့် နေတုံး လူတစ်ယောက်နဲ့ ကလေးတစ်သိုက်ရောက်လာပါတယ်။
အဲဒီလူက ကျွန်တော်နဲ့မီယစံ ဘေးမှာ လာထိုင်ပြီး ငိုင်နေတယ်၊ ကလေးတွေက တော့ ဆူညံဆူညံ ရန်ဖြစ်ကြ ၊ဆဲကြဆိုကြနဲ့ အရမ်းစိတ်ညစ်စရာကောင်းပါတယ်။
ဒီထဲမှာ စပိုက်တာမင်း လိုဝတ်ထားတဲ့ ကလေးက အဆိုးဆုံးဘဲ။
သတင်းစာဖတ်နေတဲ့ ကျွန်တော်စီက သတင်းစာလုယူတဲ့အထိ ကဲတက်လာတယ်။
မီယစံပေါ်ကို သောက်လက်စ ကော်ဖီတွေ ဖိတ်ဆင်ကုန်တယ်။
"ခင်ဗျား ကလေးကို နည်းနည်းကြည့်ထိမ်းပါဦးဗျ"လို ပြောတော့ သတိလစ်ရာကနေပြန်သတိရလာသလိုမျိုးနဲ့ ..ဟုတ်ကဲ့ဗျာ၊တောင်းပန်ပါတယ်။ ကျွန်တော်တို့ အခုဘဲ ဆေးရုံကပြန်လာတာပါ ၊သူတို့အမေခုလေးတင်ပဲဆေးရုံမှာ ဆုံးသွားတယ်။ကျွန်တော်လည်းစိတ်ရှုပ် ပြီး ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတယ်၊ ကလေးတွေလည်းစိတ်ရှုပ်နေကြတယ်..
ဒီစကားကြားရတော့ကျွန်တော်စိတ်ထဲ တစ်မျိုးကြီးဖြစ်သွားတယ်။

ကလေးတွေ အမေ အခုဘဲဆုံးသွားတယ်ဆိုပါလား။
ခုနက ကလေးတွေအပေါ် စိတ်ဆိုးဒေါသဖြစ်တာ ချက်ချင်းပျောက်သွားတယ်။
လူကြီးအပေါ်ရော ကလေးတွေအပေါ်ပါ ကိုယ်ချင်းစာစိတ်ဝင်စားလာပြီး သနားသွားတယ်။
ခုနကစိတ်အနှောက်အယှက်ဖြစ်တာတွေပျောက်သွားတယ်။
အမြင်ပြောင်းသွားတယ်။ကိုယ့်ကိုကိုယ် လိပ်ပြာမလုံဖြစ်မီတယ်။
ကျွန်တော်ဆင်းမဲ့ ဘူတာမ ရောက်ခင် တစ်ဘူတာကြိုပြီးဆင်းလိုက်တယ်၊ အဆင်းမှာ ဟိုလူကြီး ရဲ့ ခပ်ယဲ့ယဲ့အပြုံးကို မြင်လိုက်သေးတယ်။
နောက်ကနေ ပြေးလိုက်လာ တဲ့ မီယစံ ရဲ့ ဒေါက်ဖိနပ်သံဟာကျွန်တော့်
နှလုံးခုံသံကို စီးဝါးလိုက်ပေးနေသလိုပါဘဲ...
ကျွန်တော် နဲ့ မီယ တော်တော်ကြာအောင်စကားမပြောဖြစ်ဘဲ အတွေးကိုယ်စီနဲ့ ဝေးအောက်အတိုင်းလမ်လျှောက်ထွက်လာကြတယ်။
မြန်မာပြည်က မိဘနှစ်ပါးကိုသတိရလိုက်တယ်။ အခြေအနေရ မိဘနဲ့ ခွဲနေရပေ မဲ့ ငါ့မှာ အဖေ၊အမေ ဆိုတာရှိတယ် ။
ဟိုကလေးတွေမှာ လောလော လတ်လတ်ကြီး ခေါ်စရာ အမေ မရှိတော့ပါလားပေါ့။
တိုက်တိုက်ဆိုင်ဆိုင်ဘဲ မီယစံ လည်း သူ့မိဘတွေကိုသတိရမိပါတယ်တဲ့။
ပြီးတော့ မီယက ပြုံးပြီးတော့ဆက်ပြောလိုက်သေးတယ်....
"အခြေအနေအမှန်ကို သိရလို့ အမြင်မှန်ကိုပြောင်းနိုင်ပေမဲ့ အခြေအနေအမှန်ကို မသိတဲ့အခါမျိုးမှာ ဘယ်လိုပြောင်းမိမှာလဲ။ ကိုယ့်အမြင်ကိုယ့်အစွဲနဲ့ သူ့အမြင်သူ့အစွဲ ပဋိပက္ခဖြစ်ရုံဘဲတဲ..."

အဲဒီနေ့ကဘဲ အလှပတစ်ခုကို ရှာတွေ့ခဲ့တယ်။

သေချာတာကတော့
ကော်ဖီပေနေတဲ့ အဖြူရောင်ရှပ် နဲ့ မီယဟာ ခါတိုင်းထက်ပိုလှနေတယ်ဆိုတာကို သတိထား လိုက်မိတာပါဘဲ။

(မန္တလေးပြန်ရောက်ပြီး လမ်းထိပ်ကဆိုက်ကားဆရာကြီးနဲ့ကလေးတသိုက်ကျောင်းကြို၊ကျောင်းပို့ မြင်လိုက်တော့ ..ကျွန်တော်ရင်ထဲ ကျည်ဆန်ရထားကြီးခုတ်မောင်းသွားပြီး မီယ ရဲ့ အပြုံးချိုချိုလေးကို ရိုးသားစွာ သတိရလိုက်ပါတယ်။)

2 comments:

Mr.Pooh @ မောင်ပွတ် said...

It's my first visit to ur blog. I really got good moments. I love to come back again. This is a very nice post.

Hay Mar said...

Perception is used in cases, there is not a single reality. I mean in multiple realities.
You cannot perceive 'moon' as 'sun'. If you perceive 'moon' as'sun', it is mistake.
In cases of multiple realities, the truth is up to perception.
Cheers!
HM