Saturday, August 25, 2007

Begin with the end in the mind

ကျွန်တော်ရင်နှီးခဲ့တဲ့ မိတ်ဆွေတစ်ဦးရဲ့ ဘ၀အကူးအပြောင်း နောက်ဆုံး ခရီးကို လိုက်ပို့ဖို့ဘုရားရှိခိုးကျောင်းကိုရောက်လာတာပါ။
အလယ်စင်္ကြကနေ လျှောက်လာတော့ ဓမ္ဓတေးသံ အော်ဂင်သံငြိမ့်ငြိမ့်လေးကိုကြားနေရပါတယ်။ပန်းစီးတွေကိုလည်းသတိထားမိပါတယ်၊
ဆွေးရိပ်သန်းနေတဲ့မျက်နှာတွေကို ဖြတ်ကျော်လာခဲ့တယ်၊
ခန်းမရဲ့ရှေ့ဆုံးရောက်တော့ ခေါင်းသေတ္တာထဲမှာ ရုပ်ကလပ်ကို တွေ့ရတယ်၊
ဒီနေရာမှာ စိတ်ကူးနဲ့မှန်းစကြည့်ပါ။
နောင် နှစ်အချို့အကြာမှာ ဒီရုပ်ကလာပ်နေရာမှာ သင်ဖြစ်နေပြီး အခမ်းအနားဟာ သင်ရဲ့ နောက်ဆုံး အခမ်နားခရီးဖြစ်တယ်လို့ မှန်းစကြည့်ပါ၊ လူလေးဦးကသွားလေသူ အောက်မေ့ဖွယ် စကားတွေအလှည့်ကြပြောမယ်၊ ဆွေမျိုးသားချင်းတစ်ဦး၊မိတ်ဆွေတစ်ဦး၊ လုပ်ဖေါ်ကိုင်ဖက်တစ်ဦး၊ ဘုရားရှိခိုးကျောင်းကိုယစားလှယ်တစ်ဦး၊၊
ကဲသင့်အကြောင်း သူတို့ဘယ်လိုပြောစေချင်မလဲ၊သင်ဟာ ဘယ်လို ဘ၀ကြင်ဖေါ်၊ ဘယ်လို သားသမီး၊ ဘယ်လို ဆွေမျိုးသားချင်း၊ ဘယ်လို မိတ်ဆွေ၊ ဘယ်လို လုပ်ဖေါ်ကိုင်ဖက် လို့ သူတို့တတွေ သင့်ကိုမြင်စေချင်သလဲ၊ သင်ဘယ်လို အကျင့်စရိုက်မျိုး ရှိတယ် လို့ သင့်ပတ်ဝန်းကျင် ကလူတွေ ခံယူ သတ်မှတ်စေချင် သလဲ။သင့်ဘ၀မှာ ဘာတွေ ဆောင် ရွက်ခဲ့တယ်လို့ သူတို့တွေ သင့်ကိုပြောမလဲ။နည်းနည်းလောက်စဉ်းစားကြည့်ပါ။
ဒီလိုသာ စဉ်းစားကြည့်မယ် ဆိုရင် သင့်ဘ၀မှာ ဘာတွေကိုတန်ဖိုးထားသလဲ၊ ဘယ်လိုခံယူချက်တွေကို အမြတ်တနိုးထားသလဲဆိုတာပေါ်လာမှာပါ။ဒီတန်ဖိုးထားချက်၊အမြတ်တနိုးခံယူချက်တွေဟာ သင့်ဘ၀ရဲ့ နောက်ဆုံးပန်းတိုင် ကိုရုပ်လုံးဖော်ပေးမဲ့ ထိန်ကျောင်းမှု စနစ်ပဲဖြစ်ပါတယ်။နေ့စဉ်နဲ့အမျှ ပြုမှု ဆောင်ရွက်ချက်တွေ ကို ကိုယ်ဖြစ်ချင်တဲ့ဘ၀၊ ကိုယ်သွားချင်တဲ့လမ်းကြောင်း၊ ကိုယ်ရချင်တဲ့ အောင်မြင်မှု ကိုစိတ်ထဲမှာ မြင်ထားပြီး ထိန်းညှိဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ကိုယ့်ပန်းတိုင် ကိုတော့ ပြတ်ပြတ်သားသား မြင်ထားဖို့လိုပါတယ်။
ဒါမှ လမ်းကြောင်းမတိမ်းစောင်းနိုင်မှာပါ။
လူဘ၀မှာ နိစ္ဇဓူဝ ကိစ္ဇ တွေနဲ့ ရှုပ်ထွေးနေတတ်ပါတယ်။
ပန်းတိုင် ဆီကိုရှေ့မတိုးနိုင်အောင် ဘ၀ကွန်ချာ ထဲမှာရှုပ်ထွေးငြိတွယ်နေတတ်ပါတယ်။
ပန်တိုင်က သွေဖယ်အောင် အရေးမပါတဲ့ ဆွဲငင်မှုနဲ့ ငြိတွယ်နေတတ်ပါတယ်။
ငွေနောက်ကိုလိုက်မိတာတို့၊ကျော်ကြားမှုနောက်ကိုလိုက်မိတာတို့၊
စွဲမက်စရာ တစ်ခုခုနောက် ကိုလိုက်မိတာတို့ ဖြစ်တတ်ပါတယ်။
ဒီနေရာမှာ တစ်ရောက်နဲ့ တစ်ရောက် ရည်မှန်းချက်တို၊တန်ဖိုးထားချက်တို့ ကွဲလွဲနိုင်ပါတယ်။
ဆိုလိုချင်တာက....ကိုယ်တန်ဖိုးထားတဲ့ ရည်မှန်းချက်ကို မျက်ခြည်ပြတ်ပြီး သည့်ပြင်ဆွဲငင်မှုတွေနဲ့ ငြိတွယ်တတ်တဲ့သဘောကိုပြောတာပါ။
တစ်ခါတစ်ခါ ကိုယ်က ကြိုးစားပန်းစားလျှောက်ပြီး အဆုံးရောက်မှ ကိုယ်ရောက်နေတဲ့နေရာဟာ အမှန်မဟုတ်ဘူးဆိုပြီးသိလိုက်ရတာ လည်းဖြစ်တတ်ပါတယ်။
ကိုယ်ရရှိလိုက်တဲ့ အောင်မြင်မှုဟာ ကိုယ်တန်ဖိုးထားတာ တွေနဲ့ရင်းနှီးပြီးမတန်တဆပေးဆပ်လိုက်ရတဲ့ အဖြစ်မျိုးနဲ့လည်းကြုံနိုင်ပါတယ်။
ဒီတော့ နေ့စဉ် ပြုမူချက်တွေကို ကိုယ့်ခံယူချက်တွေနဲ့ ထိန်ညှိပြီး ရည်မှန်းချက် ပန်းတိုင်ကို မျက်ခြေမပြတ်မြင်ထားပြီး ဆောင်ရွက်မယ် ဆိုရင်တော့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေဖြစ်လာမှာ ဧကန်ပါ။

2 Comments:

At 4:50 AM , Blogger s_potato said...

နောက်ခံနဲ့ စာသားတွေရဲ့ အရောင်ကို အသည်းအသန် ဖတ်ပြီး ချာချာလည်သွားတယ် ဒီလိုကြီးတော့ ထားနဲ့လေ မသောက်ဘဲ ဘလော့ဖတ်ရင်း အရက်တိုက်တယ်ဆိုပြီး နာမည်ကြီးသွားမယ်

 
At 9:03 PM , Blogger Konge said...

Thanx! Why should I compromise?
Deal^^^

 

Post a Comment

Subscribe to Post Comments [Atom]

<< Home