Sunday, August 05, 2007

Empathic Listening

စာနာစိတ်နဲ့နားလည်အောင်နားထောင်မှု

မိတ်ဆွေသင်နားထောင်တတ်သလားလို့မေးရင်တော်တော်အူကြောင်ကြောင်နိုင်တ
ဲ့မေးခွန်းလို့ထင်ဖွယ်ရှိပါတယ်။နားရှိတဲ့လူတိုင်းနားထောင်တတ်ကြတာပါ..နားမထိုင်းနေရင်ပေါ့
သိုသော်--ကျွန်တော်တို့ဟာတစ်ဖက်လူတွေပြောလာသမျှစကားတွေကိုအာရုံစိုက်ပြီးနားထောင်လေ့မရှိကြပါဘူး။
တစ်ခါတလေကျွန်တော်တို့တစ်ဖက်လူပြောစကားကိုလုံးဝနားစိုက်မထောင်ပါဘူး။
အာရုံကဒိပြင်နားကိုပြန့်လွင့်ရောက်ရှိနေတတ်ပါတယ်။
တစ်ခါတစ်လေတော့နားထောင်ချင်ရောင်ဆောင်ပြန်ရော....အော်၊ဟုတ်လားဒီလိုကိုး၊ဟုတ်တာပေါ့..စသည်ဖြင့်စကားလေးတွေထောက်ပြီးတကယ်နားမထောင်ဘဲနားထောင်ချင်ရောင်ဆောင်ကြပါတယ်။
နောက်တမျိုးကြတော့ကိုယ်စိတ်ဝင်စားတဲ့အပိုင်းကျရင်
ရွေးပြီးနားထောင်တယ်၊ကျန်တဲ့အပိုင်းကြတော့နားမထောင်ဘူး၊
နောက်တစ်မျိုး..အာရုံစိုက်ပြီးတော့နားထောင်ပါရဲ့-စကားလုံးတွေကိုဘဲနားထောင်တယ် စကားလုံးအသုံးအနှုန်းတွေကိုဘဲအကျအနကောက်ပြီးခွန်းတုန့်ပြန်တတ်ပါတယ်။
တစ်ဘက်သားကိုနားလည်သဘောပေါက်အောင်နားထောင်တာမျိုးမဟုတ်ပါဘူး။
အခုကျွန်တော်ပြောပြချင်တဲ့နားတောင်ချင်းကဒီလိုပါ---
တစ်ဘက်သားရဲ့အခြေအနေတွေ ခံစားချက်တွေက
ိုတကယ်အရင်းခံစိတ်နဲ့နားလည်ချင်လို့
ကိုယ်ချင်းစာစိတ်နဲ့နားထောင်တာမျိုးဘဲဖြစ်ပါတယ်။
တစ်ဘက်လူရဲ့အမြင်အတိုင်း
ကိုယ်အနေနဲ့သိရှိမြင်လာအောင်နားတောင်တာမျိုးပဲဖြစ်ပါတယ်။
စကားလုံးတွေကိုသာနားနဲ့နားထောင်တာတင်မကပဲ မျက်လုံးနဲ့နားထောင်တယ်၊နှလုံးသားနဲ့နားထောင်တယ်လို့ဆိုရချင်းဖြစ်ပါတယ်။
ကိုယ့်ရှု့ထောင့်၊ကိုယ့်အမြင်၊ကိုယ့်အစွဲနဲ့ရှု့မြင်သုံးသပ်မှုတွေအစား
သူ့ခံစားချက်၊သူ့ရှု့ထောင်သူ့အမြင်ကနေကြည်တဲ့အမြင်မျိုးကိုရလာအောင်
ရိုးသားတဲ့အရင်းခံစိတ်နဲ့ စာနာစိတ်နဲ့နားထောင်ခြင်းမျိုးဖြစ်ပါတယ်။...

No comments: