Friday, August 31, 2007

Synergy

တစ်ခါတုံးက မဟာစီးပွားစီမံခန့်ခွဲ နောက်ဆုံးနှစ် ကျောင်းသားတစ်စုက ခေါင်းဆောင်မှုအတွေးအခေါ်နဲ့ပတ်သက်ပြီး သင်ကြားခဲ့စဉ်ကပါ။ကျောင်းသားတစ်ယောက် ဟာSynergy နဲ့ပတ်သက်ပြီးသူ့ရဲ့အတွေ့အကြုံတစ်ခုကိုပြန်ပြောပြနေပါတယ်။
သူပြောပြပုံကတော့ အိတ်သွန်ဖာမှောက် အသဲလှိုက် အူလှိုက် ဘာဂုဏ် သိက္ခာမှထိန်းသိမ်းငဲ့ ကွက်ခြင်းမရှိဘဲ အရှက်အရွံ့မရှိဘဲ၊ ရိုးရိုးသားသား ပွင့်လင်းစွာ ပြောပြနေတာမျိုးပါ။
သူရဲ့စိတ်အားထက်သန်မှုဟာ နားထောင်နေသူတွေကို ဓာတ်ကူးပြီး တစ်ယောက်ပြီး တစ်ယောက် သူတို့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါတယ်။
အဲဒီတုံးကMBAကျောင်းသားတွေကြားမှာ ထူးခြားတဲ့ စွမ်းအားကြီးတစ်ခု ဖြစ်ပေါ်နေသလိုပါဘဲ။
MBAကျောင်းသားတွေဟာ သင်ရိုးညွှန်းတမ်းတွေ ဘေးချိတ်ပြီး နောက်ရက်တော်တော်ကြာ ဒီပွင့်လင်းစွာ ဆွေးနွေးမှု အရှိန်အဟုန်မပြတ် ပြုလုပ်ခဲ့ ကြပါတယ်။
နောက်ပိုင်းမှာ စာတမ်းတစ်ခုတောင်တင်နိုင်ခဲ့ပါတယ်။
ပါဝင်လုပ်ကိုင်ကြခဲ့တဲ့MBAကျောင်းသားတွေဟာ ဘယ်တုံးကမှ မစိုက်ထုတ်ခဲ့ဘူး တဲ့ ၀ီရိယ၊ ဇွဲနဲ့ လုပ်ကိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ ဟာ အဲဒီတုန်းက ဖြစ်ပေါ်ခဲ့တဲ့
Synergyအကြောင်းနှစ်ပေါင်းအတော်ကြာမှပြန်တွေ့ကြတဲ့အခါမှာ အမှတ်တရပြန်ပြောကြတုံးပါပဲ^^^^

"Synergyရဲ့အဓိကအနှစ်သာရဟာ
ကွဲပြားခြားနားမှုDifferences ကို
အလေးနက်ပြုခြင်း၊
လေးစားသမှုပြုခြင်း၊
တန်ဖိုးထားတတ်ခြင်းပဲဖြစ်ပါတယ်။
ကွဲပြားခြားနားမှုအပေါ် စွမ်းအားတည်ဆောက်ခြင်းပဲဖြစ်ပါတယ်"

Saturday, August 25, 2007

Begin with the end in the mind

ကျွန်တော်ရင်နှီးခဲ့တဲ့ မိတ်ဆွေတစ်ဦးရဲ့ ဘ၀အကူးအပြောင်း နောက်ဆုံး ခရီးကို လိုက်ပို့ဖို့ဘုရားရှိခိုးကျောင်းကိုရောက်လာတာပါ။
အလယ်စင်္ကြကနေ လျှောက်လာတော့ ဓမ္ဓတေးသံ အော်ဂင်သံငြိမ့်ငြိမ့်လေးကိုကြားနေရပါတယ်။ပန်းစီးတွေကိုလည်းသတိထားမိပါတယ်၊
ဆွေးရိပ်သန်းနေတဲ့မျက်နှာတွေကို ဖြတ်ကျော်လာခဲ့တယ်၊
ခန်းမရဲ့ရှေ့ဆုံးရောက်တော့ ခေါင်းသေတ္တာထဲမှာ ရုပ်ကလပ်ကို တွေ့ရတယ်၊
ဒီနေရာမှာ စိတ်ကူးနဲ့မှန်းစကြည့်ပါ။
နောင် နှစ်အချို့အကြာမှာ ဒီရုပ်ကလာပ်နေရာမှာ သင်ဖြစ်နေပြီး အခမ်းအနားဟာ သင်ရဲ့ နောက်ဆုံး အခမ်နားခရီးဖြစ်တယ်လို့ မှန်းစကြည့်ပါ၊ လူလေးဦးကသွားလေသူ အောက်မေ့ဖွယ် စကားတွေအလှည့်ကြပြောမယ်၊ ဆွေမျိုးသားချင်းတစ်ဦး၊မိတ်ဆွေတစ်ဦး၊ လုပ်ဖေါ်ကိုင်ဖက်တစ်ဦး၊ ဘုရားရှိခိုးကျောင်းကိုယစားလှယ်တစ်ဦး၊၊
ကဲသင့်အကြောင်း သူတို့ဘယ်လိုပြောစေချင်မလဲ၊သင်ဟာ ဘယ်လို ဘ၀ကြင်ဖေါ်၊ ဘယ်လို သားသမီး၊ ဘယ်လို ဆွေမျိုးသားချင်း၊ ဘယ်လို မိတ်ဆွေ၊ ဘယ်လို လုပ်ဖေါ်ကိုင်ဖက် လို့ သူတို့တတွေ သင့်ကိုမြင်စေချင်သလဲ၊ သင်ဘယ်လို အကျင့်စရိုက်မျိုး ရှိတယ် လို့ သင့်ပတ်ဝန်းကျင် ကလူတွေ ခံယူ သတ်မှတ်စေချင် သလဲ။သင့်ဘ၀မှာ ဘာတွေ ဆောင် ရွက်ခဲ့တယ်လို့ သူတို့တွေ သင့်ကိုပြောမလဲ။နည်းနည်းလောက်စဉ်းစားကြည့်ပါ။
ဒီလိုသာ စဉ်းစားကြည့်မယ် ဆိုရင် သင့်ဘ၀မှာ ဘာတွေကိုတန်ဖိုးထားသလဲ၊ ဘယ်လိုခံယူချက်တွေကို အမြတ်တနိုးထားသလဲဆိုတာပေါ်လာမှာပါ။ဒီတန်ဖိုးထားချက်၊အမြတ်တနိုးခံယူချက်တွေဟာ သင့်ဘ၀ရဲ့ နောက်ဆုံးပန်းတိုင် ကိုရုပ်လုံးဖော်ပေးမဲ့ ထိန်ကျောင်းမှု စနစ်ပဲဖြစ်ပါတယ်။နေ့စဉ်နဲ့အမျှ ပြုမှု ဆောင်ရွက်ချက်တွေ ကို ကိုယ်ဖြစ်ချင်တဲ့ဘ၀၊ ကိုယ်သွားချင်တဲ့လမ်းကြောင်း၊ ကိုယ်ရချင်တဲ့ အောင်မြင်မှု ကိုစိတ်ထဲမှာ မြင်ထားပြီး ထိန်းညှိဆောင်ရွက်သွားရမှာဖြစ်ပါတယ်။
ကိုယ့်ပန်းတိုင် ကိုတော့ ပြတ်ပြတ်သားသား မြင်ထားဖို့လိုပါတယ်။
ဒါမှ လမ်းကြောင်းမတိမ်းစောင်းနိုင်မှာပါ။
လူဘ၀မှာ နိစ္ဇဓူဝ ကိစ္ဇ တွေနဲ့ ရှုပ်ထွေးနေတတ်ပါတယ်။
ပန်းတိုင် ဆီကိုရှေ့မတိုးနိုင်အောင် ဘ၀ကွန်ချာ ထဲမှာရှုပ်ထွေးငြိတွယ်နေတတ်ပါတယ်။
ပန်တိုင်က သွေဖယ်အောင် အရေးမပါတဲ့ ဆွဲငင်မှုနဲ့ ငြိတွယ်နေတတ်ပါတယ်။
ငွေနောက်ကိုလိုက်မိတာတို့၊ကျော်ကြားမှုနောက်ကိုလိုက်မိတာတို့၊
စွဲမက်စရာ တစ်ခုခုနောက် ကိုလိုက်မိတာတို့ ဖြစ်တတ်ပါတယ်။
ဒီနေရာမှာ တစ်ရောက်နဲ့ တစ်ရောက် ရည်မှန်းချက်တို၊တန်ဖိုးထားချက်တို့ ကွဲလွဲနိုင်ပါတယ်။
ဆိုလိုချင်တာက....ကိုယ်တန်ဖိုးထားတဲ့ ရည်မှန်းချက်ကို မျက်ခြည်ပြတ်ပြီး သည့်ပြင်ဆွဲငင်မှုတွေနဲ့ ငြိတွယ်တတ်တဲ့သဘောကိုပြောတာပါ။
တစ်ခါတစ်ခါ ကိုယ်က ကြိုးစားပန်းစားလျှောက်ပြီး အဆုံးရောက်မှ ကိုယ်ရောက်နေတဲ့နေရာဟာ အမှန်မဟုတ်ဘူးဆိုပြီးသိလိုက်ရတာ လည်းဖြစ်တတ်ပါတယ်။
ကိုယ်ရရှိလိုက်တဲ့ အောင်မြင်မှုဟာ ကိုယ်တန်ဖိုးထားတာ တွေနဲ့ရင်းနှီးပြီးမတန်တဆပေးဆပ်လိုက်ရတဲ့ အဖြစ်မျိုးနဲ့လည်းကြုံနိုင်ပါတယ်။
ဒီတော့ နေ့စဉ် ပြုမူချက်တွေကို ကိုယ့်ခံယူချက်တွေနဲ့ ထိန်ညှိပြီး ရည်မှန်းချက် ပန်းတိုင်ကို မျက်ခြေမပြတ်မြင်ထားပြီး ဆောင်ရွက်မယ် ဆိုရင်တော့ ထိရောက်တဲ့ ဆောင်ရွက်ချက်တွေဖြစ်လာမှာ ဧကန်ပါ။

Monday, August 06, 2007

Burning Desire

အကျင့်ဆိုသည်မှာ
လူတွေရဲ့အကျင့်တွေဟာ ဘ၀မှာသြဇာညောင်းပြီး အလွန်အရေးပါတဲ့အခန်းက ပါဝင်ပါတယ်။
အကျင့်တွေဟာလူတွေရဲ့စရိုက်ကိုဖေါ်ကျူးပါတယ်။
တစ်နည်းပြောရရင်စရိုက်ဆိုတဲ့ ကာရိုက်တာဟာ အကျင့်များစွာကိုပေါင်စည်းထားခြင်းပဲမဟုတ်ပါလား။
ဒါ့အပြင်လူစွမ်းလူစတွေကိုထက်မြက်စေနိုင်သလို ယုတ်လျော့မှု ကိုလည်းဖြစ်စေနိုင်ပါတယ်။ အကျင့်များဟာကျစ်ထားတဲ့ကေဘယ်လ်ကြိုးနဲ့တူပါတယ်။
တစ်နေကိုကြိုးမျှင်တစ်ချောင်းစီထည့်ကျစ်ရင်မကြာမီအတွင်းမပြတ်နိုင်အောင်ခိုင်မြဲလာပါလိမ့်မယ်။ ဒါကိုသဘောပေါက်ပါတယ်--
ဒါပေမဲ့
မပြတ်နိုင်ဘူးဆိုတဲ့ အသုံးအနှုန်းကို တော့နည်းနည်း စောဒကတက်ချင်ပါတယ်။ ကောင်းတဲ့အကျင့်တွေကိုပြုစုပျိုးထောင်လို့ရသလို ပစ်ပယ်ချင်တဲ့အကျင့်တွေကိုလည်းဖြတ်လိုရနိုင်ပါတယ်..
ဒါပေမဲ့
ပြင်းပြတဲ့စိတ်ဆန္ဒတော့ရှိဖို့လိုပါလိမ့်မယ်။
လကမ္ဘာခရီးနှင်တဲ့ ဒုံးပျံဟာ ပထမ မိနစ်အနည်းငယ်မှာ ကမ္ဘာ့ဆွဲငင်အားကို ဖောက်ထွက်ဖို့ အသုံးပြုရတဲ့ စွမ်းအင်ဟာ အင်မတန်ကြီးမားပြီး ကမ္ဘာဆွဲငင်အားကိုကျော်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ မိုင်သိန်းပေါင်းများစွာ ရှိတဲ့ခရီးအတွက်အသုံးပြုလို့ရတဲ့စွမ်အင်ထက်ပိုများပါတယ်။
အကျင့်တွေမှာလည်း ကျွန်တော်တို့ထင်ထားတာထက် ပိုမိုကြီးမားတဲ့ ဆွဲငင်အးတွေရှိနေပါတယ်။
ကျွန်တော်တို့ဆီမှာ အရိုးစွဲနေတဲ့၊လူစမ်းလူစ ထက်မြက်မှုတွေကိုဟန့်တားနေတဲ့ အကျင့်ဆိုးတွေ--အချိန်ဆွဲခြင်း၊ စိတ်မရှည်ခြင်း၊ သူများအပြစ်မြင်တတ်ခြင်း၊ တစ်ကိုယ်ကောင်းဆန်ခြင်းတွေ ကိုချိုးဖျက်ဖို့အတွက် တော်ရုံတန်ရုံစိတ်ဆန္ဒနဲ့ အားထုတ်မှုလောက်နဲ့ ရမှာမဟုတ်ပါဘူး။
ဒီလိုဘဲ အကျင့်ကောင်း တွေကိုပြုစုပျိုးထောင်ဖို့လည်း ကြီးစွာ သော အားထုတ်မှုနဲ့ စိတ်ဆန္ဒပြင်းပြမှုတွေလိုမှာဖြစ်ပါတယ်။
ဘာအကျင့်ကိုပြုစုပျိုးထောင်မှာလဲဘာကြောင့်လဲဆိုတာကိုရှင်းရှင်းလင်းလင်း သိထားဖို့လိုသလို ဘယ်လိုနည်းလမ်းနဲ့ပြုစုပျိုးထောင် မှာလဲဆိုတာသိဖို့လည်းလိုမှာဖြစ်ပါတယ်။
အကျင့်ကောင်းတွေရော၊ နည်းလမ်းကိုသိထားပေမဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒမရှိ ရင် ဘာမှဖြစ်မလာနိုင်ပါဘူး။ သိတာဟာ သိတာဘဲ ဖြစ်နေမှာပါ။
အကျင့်ကောင်းတွေ ပြုစုပျိုးထောင်တယ်ဆိုတာ လူ့ဘ၀ ကို တိုးတက်ပြောင်း လာအောင်လုပ်တာဘဲဖြစ်ပါတယ်....
လွယ်လွယ်နဲ့တော့ တိုးတက်ပြောင်းလဲမှုဖြစ်ခဲပါတယ်။
တစ်ခါတရံ ကြီးစွာသော အားထုတ်မှု၊ ပင်ပန်းဆင်းရဲမှု ကိုတော့ ရင်းရမှာဖြစ်ပါတယ်...

Sunday, August 05, 2007

Empathic Listening

စာနာစိတ်နဲ့နားလည်အောင်နားထောင်မှု

မိတ်ဆွေသင်နားထောင်တတ်သလားလို့မေးရင်တော်တော်အူကြောင်ကြောင်နိုင်တ
ဲ့မေးခွန်းလို့ထင်ဖွယ်ရှိပါတယ်။နားရှိတဲ့လူတိုင်းနားထောင်တတ်ကြတာပါ..နားမထိုင်းနေရင်ပေါ့
သိုသော်--ကျွန်တော်တို့ဟာတစ်ဖက်လူတွေပြောလာသမျှစကားတွေကိုအာရုံစိုက်ပြီးနားထောင်လေ့မရှိကြပါဘူး။
တစ်ခါတလေကျွန်တော်တို့တစ်ဖက်လူပြောစကားကိုလုံးဝနားစိုက်မထောင်ပါဘူး။
အာရုံကဒိပြင်နားကိုပြန့်လွင့်ရောက်ရှိနေတတ်ပါတယ်။
တစ်ခါတစ်လေတော့နားထောင်ချင်ရောင်ဆောင်ပြန်ရော....အော်၊ဟုတ်လားဒီလိုကိုး၊ဟုတ်တာပေါ့..စသည်ဖြင့်စကားလေးတွေထောက်ပြီးတကယ်နားမထောင်ဘဲနားထောင်ချင်ရောင်ဆောင်ကြပါတယ်။
နောက်တမျိုးကြတော့ကိုယ်စိတ်ဝင်စားတဲ့အပိုင်းကျရင်
ရွေးပြီးနားထောင်တယ်၊ကျန်တဲ့အပိုင်းကြတော့နားမထောင်ဘူး၊
နောက်တစ်မျိုး..အာရုံစိုက်ပြီးတော့နားထောင်ပါရဲ့-စကားလုံးတွေကိုဘဲနားထောင်တယ် စကားလုံးအသုံးအနှုန်းတွေကိုဘဲအကျအနကောက်ပြီးခွန်းတုန့်ပြန်တတ်ပါတယ်။
တစ်ဘက်သားကိုနားလည်သဘောပေါက်အောင်နားထောင်တာမျိုးမဟုတ်ပါဘူး။
အခုကျွန်တော်ပြောပြချင်တဲ့နားတောင်ချင်းကဒီလိုပါ---
တစ်ဘက်သားရဲ့အခြေအနေတွေ ခံစားချက်တွေက
ိုတကယ်အရင်းခံစိတ်နဲ့နားလည်ချင်လို့
ကိုယ်ချင်းစာစိတ်နဲ့နားထောင်တာမျိုးဘဲဖြစ်ပါတယ်။
တစ်ဘက်လူရဲ့အမြင်အတိုင်း
ကိုယ်အနေနဲ့သိရှိမြင်လာအောင်နားတောင်တာမျိုးပဲဖြစ်ပါတယ်။
စကားလုံးတွေကိုသာနားနဲ့နားထောင်တာတင်မကပဲ မျက်လုံးနဲ့နားထောင်တယ်၊နှလုံးသားနဲ့နားထောင်တယ်လို့ဆိုရချင်းဖြစ်ပါတယ်။
ကိုယ့်ရှု့ထောင့်၊ကိုယ့်အမြင်၊ကိုယ့်အစွဲနဲ့ရှု့မြင်သုံးသပ်မှုတွေအစား
သူ့ခံစားချက်၊သူ့ရှု့ထောင်သူ့အမြင်ကနေကြည်တဲ့အမြင်မျိုးကိုရလာအောင်
ရိုးသားတဲ့အရင်းခံစိတ်နဲ့ စာနာစိတ်နဲ့နားထောင်ခြင်းမျိုးဖြစ်ပါတယ်။...

Friday, August 03, 2007

Thursday, August 02, 2007

Empathy

မောင်မင်းကြီးသားတော်ပေလို့သာပေါ့၊ဒီဆရာဝန်ကုသပေးလို့သာအခုလို(၁၀)နှစ်ကျော်ထိကျန်း ကျန်းမာမာနဲ့မိသားစုနှင့်အတူပျော်ပျော်ရွှင်ရွှင်နေနိုင်ပြီး
ကုသိုလ်ရေး၊လူမှုရေးလုပ်နိုင်ပါတယ်လို့လူနာတစ်ဦးကပြောသည်။အခြားတစ်ဦးကတော့ဒီဆရာဝန်ပေါ့ ကျွန်မကိုအင်္ဂါချို့တဲ့အောင်ခွဲစိတ်ဖြတ်ထုတ်ပြီးအဆိပ်လိုဆေးတွေကိုထိုး၊စားဆေးတွေကိုကျွေးပြီး၊
ငရဲလိုပြင်းတဲ့ဓာတ်ရောင်ခြည်နဲ့ကင်ပေးလို့ယခုလိုကျွန်မအရေပြားတချို့နေရာတွေဟာငါးကျီးခြောက်ကင်လိုခြောက်သွေ.မွဲပြာလူစင်မီတဲ့ဘ၀ကိုရောက်နေရတယ်။(၅)နှစ်ကျော်အသက်ရှင်နေရပေမဲ့အင်္ဂါချို့တဲ့ပြီး
ဟိုတုန်းကလိုသန်သန်မာမာဖျတ်ဖျတ်လတ်လတ်မရှိလို့ရှင်လျက်နဲ့သေနေရသလိုပါပဲဆိုပြီး
သူမခံစားချက်ကိုဖော်ထုတ်ပါတယ်။